System 286 (On Going) Arc 2.5(ယူခ်င္း)

All chapters are in System 286 (On Going)
A+ A-

Zawgyi

နန္းေတာ္အေနာက္တံခါးဝတြင္ အျပင္ဖက္ကိုျကည့္တာ ​ေတာင္ေလ်ွာက္ေျမာက္ေလ်ွာက္ ေလ်ွာက္ေနေသာသူတစ္ေယာက္…
ေဘးနားမွတံခါးေစာင့္သည့္ရဲမက္မ်ားကမေနႏိုင္သျဖင့္

“စစ္သူႀကီး ဘယ္သူ႔ကိုေစာင့္ေနတာလဲခင္ဗ် ညေနကတည္းကေစာင့္ေနတာဆိုေတာ့ စစ္သူႀကီးေညာင္းေနမွာေပါ့ ကြၽန္ေတာ္မ်ိဳး ခံုသြားယူေပးရမလားဗ်”

ဝူက်န္႔၏အၾကည့္စူးစူးအားခံယူလိုက္ရသျဖင့္ ထိုရဲမက္ပါးစပ္ပိတ္သြားသည္။
ထိုအခ်ိန္တြင္နန္းေတာ္တံခါးဝသို႔တေျဖးေျဖးလွမ္းလာေနေသာအရိပ္တစ္ခု

အနီးကပ္ေသခ်ာၾကည့္လိုက္ေသာအခါ လူတစ္ေယာက္ထင္းသယ္သည့္လွည္းအားဆြဲလာပံုရသည္ တံခါးေစာင့္သည့္ရဲမက္မွ

“ဘယ္သူလဲ ရပ္စမ္း “

ကယ္ရီျပန္ေျဖမည္အလုပ္ တံခါးနားတြင္စစ္သူႀကီးအားေတြလိုက္ရသျဖင့္

“စစ္သူႀကီး ကြၽန္ေတာ့ကိုလာကူေပးလို႔ရမလား ဒီမွာထ်န္းခယ္ မူးၿပီးအိပ္ေပ်ာ္ေနလို႔ “

‘နာမည္ေခၚရေလာက္တဲ့အထိသူတို႔ႏွစ္ေယာက္ကဘယ္ခ်ိန္ဒီေလာက္ထိရင္းႏွီးသြားတာလဲ’ ဝူက်န္႔ဆက္စဥ္းစားမေနေတာ့ဘဲ မင္းသား၃အား ကူတြဲေပးလိုက္သည္

ေနာက္မွရဲမက္ႏွစ္ဦးကေတာ့
“မင္းသား၃ ကိုလည္းနာမည္တပ္ေခၚပီး ထင္းတင္တဲ့လွည္းေပၚတင္လာရဲတယ္ စစ္သူႀကီးကိုလည္း ညေနကတည္းကအေပါက္ဝကေန ေစာင့္ခိုင္းရဲတယ္ ဒီေကာင္ေလးရဲ႕ရာထူးကဘာမ်ားလဲ”

“မဟုတ္မွလြဲေရာ အိမ္ေ႐ွ႕စံလား”

“မျဖစ္ႏိုင္ဘူး ငါအိမ္ေ႐ွ႕စံကိုျမင္ဖူးတယ္ ဒီေလာက္မငယ္ဘူး “

“ဒါဆိုဘယ္သူမ်ားျဖစ္မလဲ “

မင္းသား၃ နန္းေဆာင္ေရာက္ေတာ့ အထိန္ေတာ္မ်ားက “မင္းသားေလး ဘယ္လိုျဖစ္လာတာလဲ မင္းသားေလး သတိထားပါအံုး”  ဟုဆိုကာ အသံေညႇာင္ေညႇာင္ျဖစ္ေအာ္ေနၾကသည္

‘ဘာလဲဟ ဟိုကမူးပီးအိပ္ေပ်ာ္ေနတာကို ဘာကိစၥပိုပိုႀကီးေတြလုပ္ေနၾကတာလဲ’

ကယ္ရီ ထ်န္းခယ္အားအိပ္ယာေပၚသို႔ဂရုတစိုက္ခ်ေပးလိုက္သည္ ထိုစဥ္မထင္မွတ္ထားသည္မွာ ထ်န္းခယ္ကကယ္ရီအားအားျဖင့္ဆြဲ၍ရင္ခြင္ထဲတြင္ေပြ႔ကာ ပါးစပ္မွလည္း “ကေလးေလး ကေလးေလး” ဟုရြတ္ေနသည္ (AN-ဟိုကသူ႔ေခြးနဲမွားေနတာ 😆)

ဝူက်န္႔လည္းမ်က္ေမွာင္ကုတ္ကာ မင္းသား၃ ရင္ခြင္ထဲမွကယ္ရီအားေစာင့္ဆြဲလိုက္သည္ သို႔ေသာ္အားလြန္ကာ ဝူက်န္႔ရင္ခြင္ထဲသို႔ေရာက္ရွိသြားသည္ ကယ္ရီကေတာ့စဥ္းစားခန္းဝင္လ်ွက္

‘ကေလးေလး ကေလးေလး ကေလးေလး
အား….သြားပီး ငါဟိုေခြးကိုေမ့ခဲ့တာပဲ ‘
ကယ္ရီ ေခြးအားသြားျပန္႐ွာမည္အလုပ္
‘ေနပါအံုး ငါ့ကိုဖက္ထားတာဘယ္သူႀကီးတုန္း’
ကယ္ရီ ေၾကာင္ေတာင္ေတာင္ႏွင့္ေမာ့ၾကည့္လိုက္ေသာအခါ မိမိအားေၾကာင္ေတာင္ေတာင္ျပန္ၾကည့္ေနေသာ စစ္သူႀကီး ေဘးမွလည္းသူတို႔သံုးေယာက္အားၾကည့္ကာေၾကာင္ေတာင္ေတာင္ျဖစ္ေနေသာအထိန္းေတာ္ႀကီး…..

ကယ္ရီလည္း စစ္သူႀကီးရင္ခြင္ထဲမွအျမန္ထြက္ကာ
“စစ္သူႀကီး ကြၽန္ေတာ္နန္းျပင္ျပန္ထြက္ရအံုးမယ္”

“ဘာအတြက္လည္း”

“ထ်န္း…မင္းသား ၃ ရဲ႕ေခြး နန္းျပင္မွက်န္ခဲ့လို႔ မင္းသား ၃ ႏိုးလာလို႔ သူ႔ေခြးကိုမေတြ႔ရင္ကြၽန္ေတာ့ကိုအျပစ္ေပးလိမ့္မယ္”

“မင္းဘယ္ခ်ိန္တုန္းကဒီေလာက္ေၾကာက္တတ္သြားတာလဲ”

“ဗ်ာ”

“ဘာမွမဟုတ္ဘူး လာ..သြားမယ္”

“စစ္သူႀကီးေရာလိုက္မွာလား”

“ဘာလဲ ငါလိုက္လို႔မရဘူးလား”

“အဲ့ဒီသေဘာမဟုတ္ပါဘူးဗ် ကြၽန္ေတာ့္ေၾကာင့္ စစ္သူႀကီးပင္ပန္းမွာစိုးလို႔ပါ
ၿပီးေတာ့ ထ်န္း႐ွျပည္ ရဲ႕စစ္သူႀကီးက ညႀကီးေခြးလိုက္႐ွာေနတယ္ဆိုတာ သင့္မွမသင့္ေတာ္တာ”

“စကားမ်ားလိုက္တာ”

ကယ္ရီႏွင္႔ဝူက်န္႔နန္းျပင္ထြက္ကာ ေဆာင္ၾကာၿမိဳင္သို႔တစ္ေခါက္ျပန္လာခဲ့သည္

“ဒီမွာက်န္ခဲ့တာေသခ်ာလား “

“ဟုတ္…အေပၚထပ္ကအခန္းထဲမွာပါ”

ကယ္ရီ ပိုင္႐ွင္မာမားအား အက်ိဳးေၾကာင္းေျပာၿပီး သူနဲ႔ထ်န္းခယ္ငွါးခဲ့တဲ့အခန္းသို႔တက္သြားသည္ ဝူက်န္႔မ်က္ႏွာေၾကာင့္ပိုင္ရွင္မာမားက အလြယ္တကူရွာခြင့္ျပဳေပးလိုက္မွန္း ကယ္ရီရိပ္မိလိုက္သည္ အခန္းထဲေရာက္ေတာ့ ေက်းဇူး႐ွင္အားနာမည္မ်ိဳးစံုတပ္ပီး လိုက္႐ွာေနလိုက္သည္

“ကေလးေလးေရ……ေဘဘီေရ….သားသားေရ….ျဖဴလံုးေလး… ဘယ္မွာလဲ ကိုကို႔ဆီျမန္ျမန္လာ”

ဝူက်န္႔ သူ႔ေ႐ွ႕က ေခြးအားနာမည္မ်ိဳးစံုေခၚကာ ကုန္းကုန္းကြကြႏွင့္လိုက္႐ွာေနေသာ ယူခ်င္းအား ျပံဳးစိစိျဖင့္လက္ႀကီးပိုက္ကာၾကည့္ေနသည္ သူ႔ေ႐ွ႕ကယူခ်င္းက ဘာလို႔႐ုတ္တရက္ႀကီးခ်စ္ဖို႔ေကာင္းလာရတာလဲ အရင္ကေအးတိေအးစက္နဲ႔ ေမးတခြန္းေျဖတစ္ခြန္သာလုပ္တတ္ေသာယူခ်င္းမွဟုတ္ပါေလစ

“ေတြ႔ပီ….မင္းကဒီေခ်ာင္ထဲေရာက္ေနတာကို လာခဲ့ မင္းေၾကာင့္ငါ့မွာနန္းေတာ္ကေနတစ္ေခါက္ျပန္လာရတယ္”

ထိုေခြးသာစကားေျပာတတ္လ်ွင္ ထားခဲ့တာဘယ္သူလဲလို႔ ေမးေလာက္သည္

“ေတြ႔ပီလား ေတြ႔ရင္ျပန္မယ္”

“ဟုတ္ကဲ့ စစ္သူႀကီး”

“ဝူက်န္႔”

“ဗ်ာ?”

“ဝူက်န္႔လို႔ေခၚ “

“မသင့္ေတာ္ဘူးလို႔ထင္တယ္ေနာ္ စစ္သူႀကီး ကြၽန္ေတာ္ကလက္ေအာက္ငယ္သား စစ္သူႀကီးကအထက္အရာ႐ွိေလ”

“မင္းသား ၃ ၾကေတာ့သင့္ေတာ္တယ္ေပါ့”

“အဲ့တာက မင္းသား ၃က မေခၚရင္ႀကိဳးတုပ္ပီးေသရည္တိုက္မယ္ဆိုလို႔”

“ကိုယ္လည္း မေခၚရင္သဲအိတ္ထမ္းပီး ေလ့က်င့္ကြင္းထဲ ဆယ္ပတ္ေျပးခိုင္းမယ္”

‘ဒီကမာၻက လူေတြကဘာျဖစ္ေနၾကတာလဲ
System ေနာက္တစ္ခါငါ့ကိုရာထူးျမင့္တဲ့ေနရာထားေပးၾကားလား’

System: “ေခၚေစခ်င္တာမ်ား ေခၚလိုက္ေပါ့ ေစ်းကိုင္ေနေသးတယ္ အသားပဲ့ပါသြားလို႔လား”

‘တျခားသူေတြအျမင္မွာ မေကာင္းဘူးလားလို႔ေလ’

လမ္းေပၚတြင္ လူႏွစ္ေယာက္စကားမေျပာဘဲ အေတြကိုယ္စီျဖင့္ လမ္းေလ်ွာက္ေနၾကသည္

‘သူကဘာလို႔ျမန္ျမန္ေလ်ွာက္ေနတာလဲ ငါကသူ႔ကိုဝူက်န္႔လို႔မေခၚလို႔စိတ္ဆိုးသြားတာလား မဟုတ္ေလာက္ပါဘူး မူလယူ႐ွင္းကို စစ္သူႀကီးကအဲ့ေလာက္မွအေရးမစိုက္တာ ငယ္ငယ္ကတည္းက အိမ္ေတာ္တစ္ခုတည္းမွာႀကီးျပင္းခဲ့တယ္ဆိုေပမယ့္ သခင္ေလးနဲ႔အေစခံဆိုတဲ့နံရံႀကီးအႀကီးႀကီးေၾကာင့္လံုးဝမရင္းႏီွးခဲ့ဘူးမလား အခုမွဘာထျဖစ္တာလဲ မဟုတ္မွလြဲေရာငါေၾကာင့္လား ဒါလည္းမျဖစ္ႏိုင္တာ ငါသ႐ုပ္ေဆာင္တာမူလယူခ်င္းနီးပါးထပ္တူပဲေလ’

System သာထိုအေတြးၾကားရင္ တူလိုက္တာခြၽတ္စြတ္ဟုေအာ္ရီေနေလာက္သည္

တစ္ဖက္တြင္ဝူက်န္႔ကလည္း

‘ငါဘာလို႔သူ႔ကို ဝူက်န္႔လို႔​ေခၚဖို့ေျပာမိတာလဲ သူနဲ့အတူရွိတဲ့အခ်ိန္ဆို ဘာလို႔​ေပ်ာ္ရြွင္တဲ့ခံစားခ်က္ေတြရေနတာလဲ မင္းသား ၃နဲ႔သူ႔ကိုနီးနီးကပ္ကပ္ျမင္တိုင္းေဒၚသထြက္ရတာလဲ မဟုတ္မွလြဲေရာ အာ…မျဖစ္ႏိုင္တာ ဒီတိုင္းသူကခ်စ္စရာေလးမလို႔ ညီေလးတစ္ေယာက္လိုသေဘာထားမိသြားတာေနမယ္ ေနပါအံုး… သူ႔ကိုၾကမ္းၾကမ္းတမ္းတမ္းကိုယ္ရံေတာ္တစ္ေယာက္ကိုခ်စ္စရာေလးလို႔ေတြးမိလိုက္တာလား ငါဘာျဖစ္ေနတာလဲ “

နန္းေတာ္ျပန္ေရာက္ေတာ့ ကယ္ရီက မင္းသား ၃နန္းေဆာင္အားေခြးသြားပို႔သည္ ဝူက်န္႔ကေတာ့စစ္တန္းလ်ားဂိတ္ဝတြင္ မေယာင္မလည္လမ္းေလ်ွာက္ေနရင္းကယ္ရီျပန္ေရာက္တာျမင္မွ အခန္းထဲဝင္သြားသည္

“အား ပင္ပန္းလိုက္တာ
အိပ္ေတာ့မယ္”

System: “ဓားေရးမေလ့က်င့္ေတာ့ဘူးလား”

“ဒီည ခြင့္ယူတယ္လို႔သေဘာထားလို႔က္
ငါမရေတာ့ဘူး အိပ္ခ်င္ေနပီ “

System: “အဲ့တာဆိုမနက္အေစာႏိႈးမွာေနာ္”

“သေဘာ”
……………………….

အခုရက္ပိုင္း စစ္သူႀကီးရဲ႕ပံုစံကနည္းနည္းေျပာင္းလဲလာသည္ ကယ္ရီကိုဆက္ဆက္ပံုကအရင္နဲ႔မတူဘဲႏူးညံ့လာသလိုလို ပင္ပန္းသည္ကိစၥမ်ားလည္းမခိုင္းေတာ့ မင္းသား ၃ လာရင္လည္း အလုပ္တစ္ခုမဟုတ္တစ္ခုေပးၿပီးႏွင္ထုတ္ေလ့႐ွိသည္ ထမင္းစားရင္လည္း သူနဲ႔အတူစားခိုင္းသည္ အရင္ကမာၻကတည္းက ဟန္ယြင္ကယခုလိုအျပဳမူမ်ားလုပ္ခဲ့ဖူးေသာေျကာင့္ ဟန္ယြင္နွင့္ရုပ္တူေသာဝူက်န္႔၏အျပဳမူမ်ားက ကယ္ရီအတြက္ေတာ့အထူးဆန္းမဟုတ္ ေဘးမွၾကည့္၍မေနႏိုင္မထိုင္ႏိုင္ျဖစ္ေနသည္က System…..

System: “Host နည္းနည္းေလးမွမရိပ္မိဘူးလား”

“ဘာကိုလဲ”

System: “ဝူက်န္႔က Hostကိုႀကိဳက္ေနတာလား”

“ေပါက္ကရကေျပာျပန္ပီ”

System: “Hostသာတံုးေနတာ
အရင္ကမာၻတုန္းကလည္းတံုး
အခုလည္းတံုး”

“ငါမတံုးဘူး မင္းသာ သဘာဝနဲ႔မေလ်ာ္ညီတာေတြစဥ္းစားပီး ဗိုင္းရပ္စ္ကိုက္ေနတာ”

ထိုစဥ္ မင္းသမီး ထ်န္းယြီ ေရာက္လာသည္

‘ဒီမိန္းမကလည္း ေယာက္်ားေလးေတြဒီေလာက္မ်ားတဲ့ေနရာကို ဘာလို႔ခဏခဏလာေနတာလဲ’

“စစ္သူႀကီး ႐ွိလား “

“စစ္သူႀကီးက မင္းျကီးဆင့္ေခၚလို႔ ခဏသြားပါတယ္မင္းသမီး “

“ဟုတ္လား ဒီမင္းသမီးက ျမားပစ္စြမ္းရည္တိုးတက္လာလို႔ စစ္သူျကီးဂုဏ္ယူရေအာင္လာႂကြားပါတယ္ဆို..
ဒီလိုဆိုမွေတာ့ ေလ့က်င့္ရင္းပဲ ေစာင့္ေနလိုက္ေတာ့မယ္ ေမာင္မင္းကူေပး”

“ဗ်ာ ကြၽန္ေတာ္မ်ိဳးကလား ” ကယ္ရီျပန္ေျဖလိုက္သည္

‘ဓားေတာင္မနည္းက်င့္ေနရပါတယ္ဆို ျမားဘယ္လိုလုပ္ပစ္တတ္မွာလည္းအမရယ္’

“သြား ပစ္မွတ္နားမွာ သြားရပ္
ေမ့လို႔…” ထ်န္းယြီ သူ႔ေနာက္မွအထိန္းေတာ္ဆီသို႔တိုးတိုးေလးေျပာလိုက္သည္ ခဏၾကာေတာ့ ထိုအထိန္းေတာ္က ပန္းသီးတစ္ျခင္းႏွင့္ျပန္လာသည္

“ေရာ့ ဒီပန္းသီးေခါင္းေပၚတင္ပီးသြားရပ္ေန ဒီမင္းသမီးက မွန္ေအာင္ပစ္ျပမယ္”

‘ဒီမိန္းမ ငါ့ကိုေသေၾကာင္းၾကံေနတာလား
မေန႔တစ္ေန႔ကမွျမားပစ္သစ္ထားတာကို ပန္းသီးကိုထိေအာင္ပစ္ခ်င္တယ္ လာေနာက္ေနတာလား ‘

ကယ္ရီတြန္႔ဆုတ္တြန္႔ဆုတ္လုပ္ေနသည္ကိုျမင္ေတာ့

“ေမာင္မင္းက ဒီမင္းသမီးရဲ႕စြမ္းရည္ကိုအထင္ေသးတာလား စစ္သူႀကီးသင္ၾကားတာကိုသံသရ႐ွိတာလား “

“ကြၽန္ေတာ္မ်ိဳးမဝံ့ရဲပါဘူး”

“အဲ့တာဆိုဘာလုပ္ေနတာလဲ သြားရပ္”

ေဘးနားကစစ္သည္မ်ားကလည္း ကယ္ရီကိုၾကည့္ၿပီးသနားေနၾကသည္

“System ငါဘယ္လိုလုပ္ရမလဲ ထြက္ေျပးလိုက္ရမလား “

System: “ထြက္ေျပးမွ ျမားနဲ႔လိုက္ပစ္ရင္ေရာ”

“မေျပးလဲပစ္မွာပဲကို “

System: “စစ္သူႀကီးဂိတ္ဝမွာေရာက္ေနပီ Hostအခ်ိန္နည္းနည္းေလးဆြဲလိုက္ “

“Ok ok”

ကယ္ရီ ပန္းသီအားေခါင္းေပၚေကာက္တင္လိုက္ပီး ေက်ာင္းအားကစားပြဲတြင္ဝင္ၿပိဳင္ေနရသည္ဟုမုသြင္းကာ ပစ္မွတ္ဘုတ္နားသို႔တစ္လွမ္းခ်င္းေျဖးေျဖးသြားေနသည္
[System – ေျပာစရာစကား႐ွာမေတြ႔
ေဘးနားကလူမ်ား-ျပံဳးစိစိ
ထ်န္းယြီ -ေဒါသမ်ားမိုးထိသို႔ေထာင္တက္]

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

နန်းတော်အနောက်တံခါးဝတွင် အပြင်ဖက်ကိုကြည့်တာ ​တောင်လျှောက်မြောက်လျှောက် လျှောက်နေသောသူတစ်ယောက်…
ဘေးနားမှတံခါးစောင့်သည့်ရဲမက်များကမနေနိုင်သဖြင့်

“စစ်သူကြီး ဘယ်သူ့ကိုစောင့်နေတာလဲခင်ဗျ ညနေကတည်းကစောင့်နေတာဆိုတော့ စစ်သူကြီးညောင်းနေမှာပေါ့ ကျွန်တော်မျိုး ခုံသွားယူပေးရမလားဗျ”

ဝူကျန့်၏အကြည့်စူးစူးအားခံယူလိုက်ရသဖြင့် ထိုရဲမက်ပါးစပ်ပိတ်သွားသည်။
ထိုအချိန်တွင်နန်းတော်တံခါးဝသို့တဖြေးဖြေးလှမ်းလာနေသောအရိပ်တစ်ခု

အနီးကပ်သေချာကြည့်လိုက်သောအခါ လူတစ်ယောက်ထင်းသယ်သည့်လှည်းအားဆွဲလာပုံရသည် တံခါးစောင့်သည့်ရဲမက်မှ

“ဘယ်သူလဲ ရပ်စမ်း “

ကယ်ရီပြန်ဖြေမည်အလုပ် တံခါးနားတွင်စစ်သူကြီးအားတွေလိုက်ရသဖြင့်

“စစ်သူကြီး ကျွန်တော့ကိုလာကူပေးလို့ရမလား ဒီမှာထျန်းခယ် မူးပြီးအိပ်ပျော်နေလို့ “

‘နာမည်ခေါ်ရလောက်တဲ့အထိသူတို့နှစ်ယောက်ကဘယ်ချိန်ဒီလောက်ထိရင်းနှီးသွားတာလဲ’ ဝူကျန့်ဆက်စဉ်းစားမနေတော့ဘဲ မင်းသား၃အား ကူတွဲပေးလိုက်သည်

နောက်မှရဲမက်နှစ်ဦးကတော့
“မင်းသား၃ ကိုလည်းနာမည်တပ်ခေါ်ပီး ထင်းတင်တဲ့လှည်းပေါ်တင်လာရဲတယ် စစ်သူကြီးကိုလည်း ညနေကတည်းကအပေါက်ဝကနေ စောင့်ခိုင်းရဲတယ် ဒီကောင်လေးရဲ့ရာထူးကဘာများလဲ”

“မဟုတ်မှလွဲရော အိမ်ရှေ့စံလား”

“မဖြစ်နိုင်ဘူး ငါအိမ်ရှေ့စံကိုမြင်ဖူးတယ် ဒီလောက်မငယ်ဘူး “

“ဒါဆိုဘယ်သူများဖြစ်မလဲ “

မင်းသား၃ နန်းဆောင်ရောက်တော့ အထိန်တော်များက “မင်းသားလေး ဘယ်လိုဖြစ်လာတာလဲ မင်းသားလေး သတိထားပါအုံး”  ဟုဆိုကာ အသံညှောင်ညှောင်ဖြစ်အော်နေကြသည်

‘ဘာလဲဟ ဟိုကမူးပီးအိပ်ပျော်နေတာကို ဘာကိစ္စပိုပိုကြီးတွေလုပ်နေကြတာလဲ’

ကယ်ရီ ထျန်းခယ်အားအိပ်ယာပေါ်သို့ဂရုတစိုက်ချပေးလိုက်သည် ထိုစဉ်မထင်မှတ်ထားသည်မှာ ထျန်းခယ်ကကယ်ရီအားအားဖြင့်ဆွဲ၍ရင်ခွင်ထဲတွင်ပွေ့ကာ ပါးစပ်မှလည်း “ကလေးလေး ကလေးလေး” ဟုရွတ်နေသည် (AN-ဟိုကသူ့ခွေးနဲမှားနေတာ 😆)

ဝူကျန့်လည်းမျက်မှောင်ကုတ်ကာ မင်းသား၃ ရင်ခွင်ထဲမှကယ်ရီအားစောင့်ဆွဲလိုက်သည် သို့သော်အားလွန်ကာ ဝူကျန့်ရင်ခွင်ထဲသို့ရောက်ရှိသွားသည် ကယ်ရီကတော့စဉ်းစားခန်းဝင်လျှက်

‘ကလေးလေး ကလေးလေး ကလေးလေး
အား….သွားပီး ငါဟိုခွေးကိုမေ့ခဲ့တာပဲ ‘
ကယ်ရီ ခွေးအားသွားပြန်ရှာမည်အလုပ်
‘နေပါအုံး ငါ့ကိုဖက်ထားတာဘယ်သူကြီးတုန်း’
ကယ်ရီ ကြောင်တောင်တောင်နှင့်မော့ကြည့်လိုက်သောအခါ မိမိအားကြောင်တောင်တောင်ပြန်ကြည့်နေသော စစ်သူကြီး ဘေးမှလည်းသူတို့သုံးယောက်အားကြည့်ကာကြောင်တောင်တောင်ဖြစ်နေသောအထိန်းတော်ကြီး…..

ကယ်ရီလည်း စစ်သူကြီးရင်ခွင်ထဲမှအမြန်ထွက်ကာ
“စစ်သူကြီး ကျွန်တော်နန်းပြင်ပြန်ထွက်ရအုံးမယ်”

“ဘာအတွက်လည်း”

“ထျန်း…မင်းသား ၃ ရဲ့ခွေး နန်းပြင်မှကျန်ခဲ့လို့ မင်းသား ၃ နိုးလာလို့ သူ့ခွေးကိုမတွေ့ရင်ကျွန်တော့ကိုအပြစ်ပေးလိမ့်မယ်”

“မင်းဘယ်ချိန်တုန်းကဒီလောက်ကြောက်တတ်သွားတာလဲ”

“ဗျာ”

“ဘာမှမဟုတ်ဘူး လာ..သွားမယ်”

“စစ်သူကြီးရောလိုက်မှာလား”

“ဘာလဲ ငါလိုက်လို့မရဘူးလား”

“အဲ့ဒီသဘောမဟုတ်ပါဘူးဗျ ကျွန်တော့်ကြောင့် စစ်သူကြီးပင်ပန်းမှာစိုးလို့ပါ
ပြီးတော့ ထျန်းရှပြည် ရဲ့စစ်သူကြီးက ညကြီးခွေးလိုက်ရှာနေတယ်ဆိုတာ သင့်မှမသင့်တော်တာ”

“စကားများလိုက်တာ”

ကယ်ရီနှင့်ဝူကျန့်နန်းပြင်ထွက်ကာ ဆောင်ကြာမြိုင်သို့တစ်ခေါက်ပြန်လာခဲ့သည်

“ဒီမှာကျန်ခဲ့တာသေချာလား “

“ဟုတ်…အပေါ်ထပ်ကအခန်းထဲမှာပါ”

ကယ်ရီ ပိုင်ရှင်မာမားအား အကျိုးကြောင်းပြောပြီး သူနဲ့ထျန်းခယ်ငှါးခဲ့တဲ့အခန်းသို့တက်သွားသည် ဝူကျန့်မျက်နှာကြောင့်ပိုင်ရှင်မာမားက အလွယ်တကူရှာခွင့်ပြုပေးလိုက်မှန်း ကယ်ရီရိပ်မိလိုက်သည် အခန်းထဲရောက်တော့ ကျေးဇူးရှင်အားနာမည်မျိုးစုံတပ်ပီး လိုက်ရှာနေလိုက်သည်

“ကလေးလေးရေ……ဘေဘီရေ….သားသားရေ….ဖြူလုံးလေး… ဘယ်မှာလဲ ကိုကို့ဆီမြန်မြန်လာ”

ဝူကျန့် သူ့ရှေ့က ခွေးအားနာမည်မျိုးစုံခေါ်ကာ ကုန်းကုန်းကွကွနှင့်လိုက်ရှာနေသော ယူချင်းအား ပြုံးစိစိဖြင့်လက်ကြီးပိုက်ကာကြည့်နေသည် သူ့ရှေ့ကယူချင်းက ဘာလို့ရုတ်တရက်ကြီးချစ်ဖို့ကောင်းလာရတာလဲ အရင်ကအေးတိအေးစက်နဲ့ မေးတခွန်းဖြေတစ်ခွန်သာလုပ်တတ်သောယူချင်းမှဟုတ်ပါလေစ

“တွေ့ပီ….မင်းကဒီချောင်ထဲရောက်နေတာကို လာခဲ့ မင်းကြောင့်ငါ့မှာနန်းတော်ကနေတစ်ခေါက်ပြန်လာရတယ်”

ထိုခွေးသာစကားပြောတတ်လျှင် ထားခဲ့တာဘယ်သူလဲလို့ မေးလောက်သည်

“တွေ့ပီလား တွေ့ရင်ပြန်မယ်”

“ဟုတ်ကဲ့ စစ်သူကြီး”

“ဝူကျန့်”

“ဗျာ?”

“ဝူကျန့်လို့ခေါ် “

“မသင့်တော်ဘူးလို့ထင်တယ်နော် စစ်သူကြီး ကျွန်တော်ကလက်အောက်ငယ်သား စစ်သူကြီးကအထက်အရာရှိလေ”

“မင်းသား ၃ ကြတော့သင့်တော်တယ်ပေါ့”

“အဲ့တာက မင်းသား ၃က မခေါ်ရင်ကြိုးတုပ်ပီးသေရည်တိုက်မယ်ဆိုလို့”

“ကိုယ်လည်း မခေါ်ရင်သဲအိတ်ထမ်းပီး လေ့ကျင့်ကွင်းထဲ ဆယ်ပတ်ပြေးခိုင်းမယ်”

‘ဒီကမ္ဘာက လူတွေကဘာဖြစ်နေကြတာလဲ
System နောက်တစ်ခါငါ့ကိုရာထူးမြင့်တဲ့နေရာထားပေးကြားလား’

System: “ခေါ်စေချင်တာများ ခေါ်လိုက်ပေါ့ ဈေးကိုင်နေသေးတယ် အသားပဲ့ပါသွားလို့လား”

‘တခြားသူတွေအမြင်မှာ မကောင်းဘူးလားလို့လေ’

လမ်းပေါ်တွင် လူနှစ်ယောက်စကားမပြောဘဲ အတွေကိုယ်စီဖြင့် လမ်းလျှောက်နေကြသည်

‘သူကဘာလို့မြန်မြန်လျှောက်နေတာလဲ ငါကသူ့ကိုဝူကျန့်လို့မခေါ်လို့စိတ်ဆိုးသွားတာလား မဟုတ်လောက်ပါဘူး မူလယူရှင်းကို စစ်သူကြီးကအဲ့လောက်မှအရေးမစိုက်တာ ငယ်ငယ်ကတည်းက အိမ်တော်တစ်ခုတည်းမှာကြီးပြင်းခဲ့တယ်ဆိုပေမယ့် သခင်လေးနဲ့အစေခံဆိုတဲ့နံရံကြီးအကြီးကြီးကြောင့်လုံးဝမရင်းနှီးခဲ့ဘူးမလား အခုမှဘာထဖြစ်တာလဲ မဟုတ်မှလွဲရောငါ့ကြောင့်လား ဒါလည်းမဖြစ်နိုင်တာ ငါသရုပ်ဆောင်တာမူလယူချင်းနီးပါးထပ်တူပဲလေ’

System သာထိုအတွေးကြားရင် တူလိုက်တာချွတ်စွတ်ဟုအော်ရီနေလောက်သည်

တစ်ဖက်တွင်ဝူကျန့်ကလည်း

‘ငါဘာလို့သူ့ကို ဝူကျန့်လို့​ခေါ်ဖို့ပြောမိတာလဲ သူနဲ့အတူရှိတဲ့အချိန်ဆို ဘာလို့​ပျော်ရွှင်တဲ့ခံစားချက်တွေရနေတာလဲ မင်းသား ၃နဲ့သူ့ကိုနီးနီးကပ်ကပ်မြင်တိုင်းဒေါ်သထွက်ရတာလဲ မဟုတ်မှလွဲရော အာ…မဖြစ်နိုင်တာ ဒီတိုင်းသူကချစ်စရာလေးမလို့ ညီလေးတစ်ယောက်လိုသဘောထားမိသွားတာနေမယ် နေပါအုံး… သူ့ကိုကြမ်းကြမ်းတမ်းတမ်းကိုယ်ရံတော်တစ်ယောက်ကိုချစ်စရာလေးလို့တွေးမိလိုက်တာလား ငါဘာဖြစ်နေတာလဲ “

နန်းတော်ပြန်ရောက်တော့ ကယ်ရီက မင်းသား ၃နန်းဆောင်အားခွေးသွားပို့သည် ဝူကျန့်ကတော့စစ်တန်းလျားဂိတ်ဝတွင် မယောင်မလည်လမ်းလျှောက်နေရင်းကယ်ရီပြန်ရောက်တာမြင်မှ အခန်းထဲဝင်သွားသည်

“အား ပင်ပန်းလိုက်တာ
အိပ်တော့မယ်”

System: “ဓားရေးမလေ့ကျင့်တော့ဘူးလား”

“ဒီည ခွင့်ယူတယ်လို့သဘောထားလိုက်
ငါမရတော့ဘူး အိပ်ချင်နေပီ “

System: “အဲ့တာဆိုမနက်အစောနှိုးမှာနော်”

“သဘော”
……………………….

အခုရက်ပိုင်း စစ်သူကြီးရဲ့ပုံစံကနည်းနည်းပြောင်းလဲလာသည် ကယ်ရီကိုဆက်ဆက်ပုံကအရင်နဲ့မတူဘဲနူးညံ့လာသလိုလို ပင်ပန်းသည်ကိစ္စများလည်းမခိုင်းတော့ မင်းသား ၃ လာရင်လည်း အလုပ်တစ်ခုမဟုတ်တစ်ခုပေးပြီးနှင်ထုတ်လေ့ရှိသည် ထမင်းစားရင်လည်း သူနဲ့အတူစားခိုင်းသည် အရင်ကမ္ဘာကတည်းက ဟန်ယွင်ကယခုလိုအပြုမူများလုပ်ခဲ့ဖူးသောကြောင့် ဟန်ယွင်နှင့်ရုပ်တူသောဝူကျန့်၏အပြုမူများက ကယ်ရီအတွက်တော့အထူးဆန်းမဟုတ် ဘေးမှကြည့်၍မနေနိုင်မထိုင်နိုင်ဖြစ်နေသည်က System…..

System: “Host နည်းနည်းလေးမှမရိပ်မိဘူးလား”

“ဘာကိုလဲ”

System: “ဝူကျန့်က Hostကိုကြိုက်နေတာလား”

“ပေါက်ကရကပြောပြန်ပီ”

System: “Hostသာတုံးနေတာ
အရင်ကမ္ဘာတုန်းကလည်းတုံး
အခုလည်းတုံး”

“ငါမတုံးဘူး မင်းသာ သဘာဝနဲ့မလျော်ညီတာတွေစဉ်းစားပီး ဗိုင်းရပ်စ်ကိုက်နေတာ”

ထိုစဉ် မင်းသမီး ထျန်းယွီ ရောက်လာသည်

‘ဒီမိန်းမကလည်း ယောက်ျားလေးတွေဒီလောက်များတဲ့နေရာကို ဘာလို့ခဏခဏလာနေတာလဲ’

“စစ်သူကြီး ရှိလား “

“စစ်သူကြီးက မင်းကြီးဆင့်ခေါ်လို့ ခဏသွားပါတယ်မင်းသမီး “

“ဟုတ်လား ဒီမင်းသမီးက မြားပစ်စွမ်းရည်တိုးတက်လာလို့ စစ်သူကြီးဂုဏ်ယူရအောင်လာကြွားပါတယ်ဆို..
ဒီလိုဆိုမှတော့ လေ့ကျင့်ရင်းပဲ စောင့်နေလိုက်တော့မယ် မောင်မင်းကူပေး”

“ဗျာ ကျွန်တော်မျိုးကလား ” ကယ်ရီပြန်ဖြေလိုက်သည်

‘ဓားတောင်မနည်းကျင့်နေရပါတယ်ဆို မြားဘယ်လိုလုပ်ပစ်တတ်မှာလည်းအမရယ်’

“သွား ပစ်မှတ်နားမှာ သွားရပ်
မေ့လို့…” ထျန်းယွီ သူ့နောက်မှအထိန်းတော်ဆီသို့တိုးတိုးလေးပြောလိုက်သည် ခဏကြာတော့ ထိုအထိန်းတော်က ပန်းသီးတစ်ခြင်းနှင့်ပြန်လာသည်

“ရော့ ဒီပန်းသီးခေါင်းပေါ်တင်ပီးသွားရပ်နေ ဒီမင်းသမီးက မှန်အောင်ပစ်ပြမယ်”

‘ဒီမိန်းမ ငါ့ကိုသေကြောင်းကြံနေတာလား
မနေ့တစ်နေ့ကမှမြားပစ်သစ်ထားတာကို ပန်းသီးကိုထိအောင်ပစ်ချင်တယ် လာနောက်နေတာလား ‘

ကယ်ရီတွန့်ဆုတ်တွန့်ဆုတ်လုပ်နေသည်ကိုမြင်တော့

“မောင်မင်းက ဒီမင်းသမီးရဲ့စွမ်းရည်ကိုအထင်သေးတာလား စစ်သူကြီးသင်ကြားတာကိုသံသယရှိတာလား “

“ကျွန်တော်မျိုးမဝံ့ရဲပါဘူး”

“အဲ့တာဆိုဘာလုပ်နေတာလဲ သွားရပ်”

ဘေးနားကစစ်သည်များကလည်း ကယ်ရီကိုကြည့်ပြီးသနားနေကြသည်

“System ငါဘယ်လိုလုပ်ရမလဲ ထွက်ပြေးလိုက်ရမလား “

System: “ထွက်ပြေးမှ မြားနဲ့လိုက်ပစ်ရင်ရော”

“မပြေးလဲပစ်မှာပဲကို “

System: “စစ်သူကြီးဂိတ်ဝမှာရောက်နေပီ Hostအချိန်နည်းနည်းလေးဆွဲလိုက် “

“Ok ok”

ကယ်ရီ ပန်းသီအားခေါင်းပေါ်ကောက်တင်လိုက်ပီး ကျောင်းအားကစားပွဲတွင်ဝင်ပြိုင်နေရသည်ဟုမုသွင်းကာ ပစ်မှတ်ဘုတ်နားသို့တစ်လှမ်းချင်းဖြေးဖြေးသွားနေသည်
[System – ပြောစရာစကားရှာမတွေ့
ဘေးနားကလူများ-ပြုံးစိစိ
ထျန်းယွီ -ဒေါသများမိုးထိသို့ထောင်တက်]

☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 2.5(ယူခ်င္း), novel System 286 (On Going) Arc 2.5(ယူခ်င္း), read System 286 (On Going) Arc 2.5(ယူခ်င္း) online, System 286 (On Going) Arc 2.5(ယူခ်င္း) chapter, System 286 (On Going) Arc 2.5(ယူခ်င္း) high quality, System 286 (On Going) Arc 2.5(ယူခ်င္း) light novel, ,

Comment

Leave a Reply

Chapter 28